Skip to main content

Posts

Featured

အပိုင်း (၃)၊ Emor မြို့မှ အမွေအနှစ်

Emor မြို့မှ အမွေအနှစ် အပိုင်း (၃)   Magina တစ်ယောက် တောင်ခြေသို့ ရောက်သည့်အခါ တစ်ကိုယ်တည်း ခရီးထွက်လာခဲ့လေသည်။ သူ၏ အမှန်တရားရှာဖွေရေးခရီးက အခုမှ လမ်းအစပင် ရှိသေးသည် မဟုတ်လား။ တောင်ခြေရောက်သည်နှင့် လူနေထူထပ်သော သာမန်ဘဝတစ်ခုထဲသို့ ပြန်လည်ရောက်လာသည့် အချက်ကို ချက်ချင်း ခံစားမိလိုက်သည်။ မနေ့ညတုန်းက တောင်ထိပ်ပေါ်ရှိ ဘုန်းကြီးကျောင်းမှာ ဘာတွေဖြစ်သွားသည်ကို မည်သူမျှ သိပုံပင်မရ။ သိအောင်လည်း ကြိုးစားမည့်ပုံ မပေါ်။ ကိစ္စမရှိပေ။ လူတွေက ကိုယ့်ဘဝနဲ့ကိုယ်မို့လို့ ကိုယ့်အကြောင်းကိုယ် သိအောင် လုပ်နေရသည်မှာ မဆန်းပေ။ ဒါကြောင့်ပဲ မိမိရဲ့ အမှန်တရားကို ဆက်လက်ရှာဖွေနိုင်ဖို့ ထာစတာခူရီ နယ်မြေကနေ ထွက်ခွာခဲ့ပါပြီ။ ထာစတာခူရီပြည်နယ်ရဲ့ အရှေ့အရပ်ကို ဦးတည်ကာ ထွက်လာခဲ့သည့် Magina အနေနဲ့ ခရီးတော်တော်ပင် လွန်လာခဲ့ပါသည်။ ခရီးတစ်ထောက်နားလိုက်တိုင်း လက်ထဲရှိ "နိုးထခြင်း" ပေချွန်လွှာရဲ့ နက်နဲသည့်အဓိပ္ပါယ်များကို ကြိုးစား၍ လေ့လာရင်း ခရီးဆက်ခဲ့သည်မှာ ရက် ၃ ရက်ခန့်ပင် ရှိလေပြီ။ ယခုရောက်ရှိနေသည့်နေရာကို ကြည့်လျှင် မြို့တစ်မြို့နှင့် သိပ်မဝေးတော့သည့် လက္ခဏာကို တွေ့ရသည်။ လူသွားလူလ...

Latest Posts

အပိုင်း (၁) ၊ သူရူးလမင်း

အပိုင်း (၂) ၊ မှော်ပညာဟာ တကယ်ပဲ အဆုံးသတ်သွားသင့်သလား