အပိုင်း (၂) ၊ မှော်ပညာဟာ တကယ်ပဲ အဆုံးသတ်သွားသင့်သလား
အပိုင်း (၂)
မှော်ပညာဟာ တကယ်ပဲ အဆုံးသတ်သွားသင့်သလား
"လက်ဖက်ရည်ကြမ်းသုံးဆောင်ပါ
ကျောင်းထိုင်ဆရာတော်ရဲ့ စကားကြောင့် မိမိဘာသာ လွန်နေသည့်အတွေးများ တစ်စစီ လွင့်ပျောက်သွားလေသည်။
"ဒကာလေး အမည် ဘယ်လိုခေါ်လဲကွယ့်"
"ကျွန်တော့်မှာ မျိုးရိုးနာမည်မရှိပါဘူး။ သူစိမ်းတစ်ချို့ကတော့ Magina လို့ ခေါ်ကြပါတယ်။ ကျွန်တော်ဟာ တစ်နေရာတည်းမှာ စွဲစွဲမြဲမြဲမနေဘဲ လူ့ဘဝရဲ့ အမှန်တရားကို လိုက်ရှာဖွေနေတဲ့ သူတစ်ယောက်ပါ။ ရှိခြင်း နဲ့ မရှိခြင်းဆိုတဲ့ ကြားက စည်းတစ်ခုရဲ့ အဓိပါယ်ကို လိုက်လံရှာဖွေနေဆဲပါ"
"တကယ်တော့ ကိစ္စတိုင်းက မတည်မြဲဘူး ဒကာလေး။ ငါဆိုတာ မရှိသလို သူဆိုတာလည်းမရှိဘူး။ မမြဲခြင်းတရားက လောကနိယာမ တစ်ခုပါပဲ။"
Magina က မေးခွန်းကို ဆက်လိုက်သည်။
"တပည့်တော် မရှင်းလင်းတဲ့အချက်တစ်ခုရှိ
ပြုံးရင်း ဆရာတော်က ပြန်ဖြေသည်။
"ဒါဆိုရင် ဒကာလေးတစ်ခုကို ဖြေရှင်းချက်တစ်ခုပေးမယ်။ နားထောင်မလား။"
"အားလုံးကို နားထောင်ဖို့ အသင့်ပါ ဆရာတော်"
"လောကမှာရှိတဲ့ အရာတိုင်းက မမြဲဘူး။ ဒါကြောင့် ဒီအိပ်မက်ဟာလည်း မတည်မြဲခြင်း တစ်ခုပဲ"
"ဒါမျိုး မိမိ လက်မခံပါ။ ဆရာတော်ရဲ့အဖြေက တပည့်တော်လိုချင်တဲ့ အဖြေကို မဖြေရှင်းနိုင်ရုံမကဘဲ ပိုတောင်ရှုတ်သွားစေပါတယ်"
"ဒါဆို လောကမှ ရှိတဲ့ အရာတိုင်းက တည်မြဲနေလို့သာ ဒကာလေးရဲ့ အိပ်မက်က မပျောက်ပျက်ပဲ ဆက်တိုက်မက်နေရတာပေါ့"
"ဒါမျိုးလည်း မိမိ လက်မခံပါ ဆရာတော်"
"ဒါကြောင့် ပြောတာပေါ့ ဒကာငယ်။ ရှိခြင်း နဲ့ မရှိခြင်း ဆိုတဲ့ အဖြေ (၂) မျိုးတည်းမှာကို ဒကာ့အတွက် ဆရာတော်ပြောတဲ့ အဖြေတွေက အဖြေတွေမှ မဟုတ်ဘဲကိုး။ တကယ်တော့ အမှန်တရားဆိုတာ မိမိဘာသာ သတ်မှတ်ခြင်းပဲ။ ဒါကြောင့် သိခြင်း နဲ့ မသိခြင်းကို ရှာဖွေတဲ့အခါမှာလဲ တစ်ပါးသူ စကားကို နားထောင်တာထက် မိမိဘာသာ သိခြင်းသာ အကောင်းဆုံးဖြစ်တယ် ဒကာလေး။ မိမိလက်ခံတဲ့ အမှန်တရားသာလျှင် မိမိလက်ခံနိုင်မယ့် အဖြေဖြစ်တယ်။ ရှိခြင်း မရှိခြင်းတွေ ကို နားလည်ဖို့ထက် သိခြင်း၊ မသိခြင်းကို အရင်ရှိအောင် လုပ်ပါဦး ဒကာလေး"
"........"
"လောလောဆယ်တော့ ပျော်သလောက်သာ တရားအားထုတ်ပါဦး။ ဘုန်းကြီးကျောင်းသားအဖြစ်နဲ
==========================
Magina အနေနဲ့ ဆရာတော်မိန့်လိုက်တဲ့ စကားတွေဟာ သာမန်လူတွေ နားမလည်နိုင်သည့် နက်နဲသော အဓိပါယ်များရှိကြောင်း သိနေသည့်အတွက် အဆိုပါ တန်ဖိုးဖျက်မရသည့် အဓိပါယ်အား အဖြေထွက်လာသည်အထိ ရှာဖွေရန်အတွက် ဆုံးဖြတ်ချက် ချလိုက်ပါပြီ။ ဒါကြောင့်ပင် မိမိ့ရဲ့ဖြစ်တည်မှုကို အရင်သိစေရန် တရားထိုင်ရင်း အဖြေရှာနေခဲ့သည်မှာ ရက်သတ္တတစ်ပတ် ခန့်ပင် အချိန်ကုန်သွားခဲ့ပါပြီ။ ဒီ နှစ်ခြမ်းကွဲသွားသော လမင်းကြီး အိပ်မက်ကိုလည်း ပုံမှန်အတိုင်း မက်မြင်နေဆဲပင်။
==========================
ထာစတာခူရီ ဘုန်းကြီးကျောင်းဝန်းရဲ့ အပြင်ဘက်မှာတော့ Magina တစ်ယောက် တရားအားထုတ်နေကြ ကိုယ်ပိုင်နေရာ ကျောက်ဆောင်ကလေး တစ်ခုရှိပါသည်။ ကျောင်းအတွင်း ဝေယာဝစ္စများ လုပ်ပေးပြီးသွားတိုင်း လာ၍ တရားထိုင်လေ့ရှိသော ၄င်းကျောက်ဆောင်ရဲ့ ပေထောင်ပေါင်းများစွာ အောက်ခြေမှာတော့ တိုင်းပြည်တစ်ခုရှိပြီး ဒီတိုင်းပြည်ရဲ့ နေ့စဉ်လှုပ်ရှားမှုများစွာကို
"......"
အသံတစ်ခု ကြားလိုက်သည်။ နားပါးသည့် Magina တစ်ယောက် အာရုံရလိုက်သည်နှင့်တစ်ပြို
ကြီးမားသည့် ကြယ်ပျံတစ်လက် ...
"ခလွမ်း .... "
Magina ဟာ ခုန်ရှောင်လိုက်တဲ့ တစ်ခဏအတွင်းမှာ သူ့ရဲ့ မြင်ကွင်းထဲသို့ တစ်စစီ ကွဲထွက်သွားသော သူ့ရဲ့ တရားထိုင်နေကြ ကျောက်ဆောင်ကို မြင်တွေ့လိုက်သည်။ ထိုစဉ် ၄င်းနောက်တွင် လှုပ်ရှားသွားသော လှိုင်းတစ်ခုကို သတိထားလိုက်မိသည်။ .... ခပ်ရေးရေးသာ မြင်ရသော လူတစ်ယောက် ...
လက်ဗလာနှင့် Magina ဟာ ဓါးနှစ်လက် ကိုင်ထားသော ထိုသူ၏ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံနေရပြီ
ချက်ချင်းဆိုသလိုပင် Magina ရှေ့တွင် မျက်နှာတစ်ခြမ်းကို ပုဝါဖြင့် ဖုံးကွယ်ထားသော သူတစ်ယောက် တရေးရေးဖြင့် ရုပ်လုံးပေါ်လာပါသည်။
"ဟက် ဟက် ဟက်" ..... ဟု ခပ်တိုးတိုးရယ်ရင်း ၄င်းက စကားကို စ လိုက်ပါသည်။
"ငါ့ရဲ့ စီးပွားဖက် မိတ်ဆွေဖြစ်လာမယ့်သူကို အနာတရ ဖြစ်အောင် လုပ်ရက်ပါ့မလားကွ။"
ဒီစကားရဲ့ ဆိုလိုရင်းကို Magina နားမလည်။ မျက်နှာဖုံးဖြင့်သူက စကားဆက်သည်။
"မင်းရဲ့ အရည်အချင်းကို မင်းဘာသာ သတိထားမိရဲ့လား...?"
Magina ပိုပြီး နားမလည်။
"အေး .. အဲ့ဒါက ထာစတာခူရီ ဘုန်းကြီးကျောင်းထဲကို ဝင်ထွက်သွားလာနိုင်တဲ့ အရည်အချင်းပဲ"
Magina အတွက် ပြန်မေးစရာ စကားတစ်ခွန်းရသွားတော့သည်။
"အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ"
"ရှင်းပြမှာပေါ့" သူက စကားဆက်သည်။
"ထာစတာခူရီ ဘုန်းကြီးကျောင်းထဲမှာ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းပြီး ထိန်းသိမ်း လာခဲ့တဲ့ ထာစတာခူရီ ပေချွန်လွှာမြတ် ဆိုတာ ရှိတယ်ကွ"
"အဲ့ဒါနဲ့ င့ါကို တိုက်ခိုက်တာနဲ့ ဘာဆိုင်လို့လဲ" Magina က ပြန်မေးစရာ စကားတစ်ခွန်း ထပ်ရသွားသည်။
"ထာစတာခူရီ ဘုန်းကြီးကျောင်းဝန်းက မင်းရဲ့ သာမန်မျက်လုံးနဲ့ မမြင်နိုင်ပေမယ့် ငါတို့လို အကြံအစည်ရှိတဲ့သူတွေ အနားမကပ်နိုင်အောင် တားမြစ်ထားတဲ့ လှိုင်းတစ်ခုရှိတယ်လေ" ၊ " လောဘ ဆိုတဲ့စိတ်ရှိတဲ့ သူတွေက ထာစတာခူရီ ဘုန်းကြီးကျောင်းထဲကို ခြေတစ်လှမ်းတောင် ချဖို့ မဖြစ်နိုင်ဘူး။"
Magina က ဆက်မေးလိုက်သည်။
"အဲ့ဒီ့တော့ .... "
"တကယ်တော့ ဘုန်းကြီးကျောင်းရဲ့ အထွဋ်အမြတ်ထားတဲ့ နေရာတစ်ခုမှာ ထာစတာခူရီ ပေချွန်လွှာမြတ်ကို ထိန်းသိမ်းထားတယ်ဆိုတဲ့ ယုံတမ်းစကားတွေရှိတယ်။ အခုတော့ လူတွေက ဒီ စာချွန်လွှာမြတ်ကို ယုံတမ်းသာသာ၊ ပုံပြင်သာသာလို့ပဲ သတ်မှတ်ထားကြပေမယ့် ကျူပ်ကတော့ မယုံဘူး၊ ပြီးတော့ ဒီ ဒဏ္ဍာရီလာ စာချွန်လွှာကိုသာ လက်ထဲရောက်လာခဲ့မယ်ဆိုရင် နေ့ချင်းညချင်း၊ ချမ်းသာသွားမှာပဲ၊ ဒါကို သိလား၊ Revtel တိုင်းပြည်ရဲ့ မှောင်ခိုဈေးကွက်ဆုကြေးငွေ
သူက ဆက်ပြောသည်။
"လူတွေက ပုံပြင်တစ်ခုကို ဆုကြေးထုတ်ထားတဲ့အတွက် ဟာသတစ်ခုလို သတ်မှတ်ထားပေမယ့် အဲ့ဒီ့ ရွှေသားပမာဏက ရယ်စရာတစ်ခု မဟုတ်ဘူးဆိုတာက သက်သေပြနေတယ်။"
"စိတ်ချပါ။ မင်းလို ရိုးသားပုံရတဲ့ လူငယ်တစ်ယောက်က Revtel တိုင်းပြည်ရဲ့ မှောင်ခိုဈေးကွက် ဘယ်မှာရှိလဲဆိုတာ သိမယ့်ပုံလည်း မပေါ်ဘူးလေ။ အဟားဟားဟား "
"အဲ့ဒီ့တော့ မင်းဘာသာ စဉ်းစားပေါ့ကွာ။ ထာစတာခူရီ စာချွန်လွှာမြတ်ကို ယူလာခဲ့။ ငါက မှောင်ခိုဈေးကွက်ကို လိုက်ပို့ပေးမယ်။ ပြီးရင်တော့ တစ်ယောက်တစ်ဝက်ပေါ့။ ညဏ်တော့ မနည်းနဲ့ပေါ့ကွာ။ အဟက်ဟက်။ ဒါဘာလဲ မင်းသိမှာပါ" လက်ညှိုးနဲ့လက်မထိပ်ကို ထိကာ ပုံဖော်ပြ၍ ပြောနေခြင်းဖြစ်သည်။
"သြော်... ဒါနဲ့ မင်းနာမည်ကိုတော့ ငါမသိချင်ပေမယ့် ငါ့နာမည်က Gondar ဆိုတာကိုတော့ မှတ်ထားပေါ့ "
စကားဆုံးသည်နှင့် တစ်ပြိုင်နက် မီးခိုးငွေ့များအကြားမှာ Gondar ဆိုသူ ပျောက်ကွယ်သွားတော့သည်။
==========================
ညဘက်မှာတော့ Magina တစ်ယောက် ကျောင်းဝင်းအတွင်းမှာပဲ တရားအားထုတ်ဖြစ်တော့သည်။ ဆရာတော်ရဲ့ မိန့်ကြားချက်အတိုင်း တရားထိုင်စဉ်မှာ မိမိကိုယ်ကို သိအောင် ကြိုးစားဖို့သာ အာရုံစိုက်ထားပြီး ပတ်ဝန်းကျင်က အနှောက်အယှက်များကို လစ်လှူရှူထားနိုင်ခဲ့ပါသည်။
ထိုစဉ်
Magina ရဲ့ ဝန်းကျင်တစ်ခုံလုံး အမှောင်ကျသွားသည်ဟု စိတ်ထဲတွင်ခံစားလိုက်ရသည်။
ဒါဟာ သူကြားဖူးတဲ့ သမိုင်းကြောင်းတစ်လျှောက် စစ်ခင်းခံရတဲ့ လက္ခဏာလေလား။ ရာစုနှစ်ပေါင်းများစွာ တောင်ခြေက တိုင်းပြည်ကို စစ်မက် မကြာခဏ ကျူးကျော်ခံနေရပေမယ့် ဒီလို ဘုန်းကြီးကျောင်းရှိရာ တောင်ပေါ်အထိတော့ သာမန်တော်ရုံ စစ်တပ်က တက်လာနိုင်ခြင်း မရှိဟု သိထားသည်။
အချိန်များစွာ တည်တည်ငြိမ်ငြိမ်တရားထိုင်ေ
Magina တစ်ယောက် စိတ်ကို ဒုံးဒုံးချကာ မျက်စိကို ပြန်မှိတ်လိုက်ပါသည်။ အကြောင်းမှာ ရသည့်အချိန်အတွင်း မိမိ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် အမှန်တရားကို ရှာဖွေဖို့အတွက်သာ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ ကိုရင်များ၊ ၄င်းတို့၏ အနေကထိုင်ပေါ်တွင် ထိုင်လျက်သားပုံစံဖြင့် အလောင်ကျွမ်းခံနေရချိန်တွင်
==========================
မိမိမျက်စိနှစ်လုံးပြန်လည် ဖွင့်ကြည့်မိချိန်တွင် မနက်ပင် မိုးလင်းနေလေချေပြီ။ သို့သော် ထာစတာခူရီ ဘုန်းတော်ကြီးကျောင်းတွင် အသက်ရှင်လျက် ကျန်ရစ်သော လူသားမှာ သူတစ်ဦးတည်းသာ ရှိတော့သည်။ ကျန်ရှိသည်များကတော့ ကျောင်းဆောင်တစ်ခုလုံး လောင်ကျွမ်းနေသော ပြာမှုန်များနှင့် မီးကြွင်းမီးကျန် အပိုင်းအစများသာ။
Magina ပထမဆုံး သတိထားလိုက်မိသည့် အရာမှာ တစ်ကျောင်းလုံး ပြာကျသွားသည့်တိုင်အောင် မလောင်ကျွမ်း၊ မပျက်စီးဘဲ အရောင်တစ်လက်လက် တောက်ပနေသော ကျောင်းဆောင်အလည်ရှိ စာလိတ်ကလေး တစ်လိတ်ပင်။ Magina က အဆိုပါ စာလိပ်ကို ကောက်ကိုင်လိုက်ချိန်တွင် ၄င်း၏ဦးခေါင်းထဲသို့ ဝင်ရောက်လာ၍ တစ်စုံတစ်ယောက်က စကားလာပြောသည့်အသံကို ကြားလိုက်ရလေသည်။ သူ့ကို တစ်စုံတစ်ယောက်က ဖိတ်ခေါ်နေချေပြီ။
တကယ်တော့ တစ်ညလုံး Magina အား မိစ္ဆာစစ်သည်တော်များက တိုက်ခိုက်၍ မရရသည့် အကြောင်းအရင်းမှာ လောကရဲ့ နိယာမကို သိရှိနိုင်မည့် သိခြင်း နှင့် မသိခြင်း အကြားကို ဆက်သွယ်ပေးထားသော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့သည့်အတွက်ကြော
ထိုအမှန်တရားကတော့ ....
သူရူး လမင်းထံမှ လွတ်မြောက်လာသော ရာဇဝင်ညဏ်ပညာကြီး နှစ်ခု၏ စစ်ပွဲကြီး စတင်ပြီ ဆိုသည့်အမှန်တရားပင် ဖြစ်တော့သည်။
ထို့နောက် မိမိလက်ထဲတွင် ကိုင်မိလျက်သားဖြစ်နေသော အဆိုပါ စာလိတ်ကလေးကို ဖွင့်ကြည့်သင့်၊ မသင့်ကို စဉ်းစားမိသည်။ မိမိအား များစွာ ပြောင်းလဲစေခဲ့သည့် ထာစတာခူရီ ဘုန်းကြီးကျောင်း၏ အဖြစ်ကို မြင်ယောင်ရင်း သေချာစွာ ဆုံးဖြတ်ချက်ချကာ အဆိုပါ စာလိတ်ကို ဖွင့်ဖတ်လိုက်လေသည်။
"နိုးထခြင်း" ဟု အမည်ပေးထားသည့် အဆိုပါ စာလိတ်ကို ဖတ်ရှူနေရင်း Magina ၏ မျက်လုံးအရောင်မှာ လုံးဝ ခရမ်းရောင်သို့ ပြောင်းလဲ သွားလေတော့သည်။
ထိုစဉ် Magina ၏ အသိစိတ်ထဲတွင် တာဝန်တစ်ခု တိုးလာပါတော့သည်။ ၄င်းတာဝန်မှာ မှော်ပညာကို အသုံးပြုပြီး ထာစတာခူရီ ဘုန်းကြီးကျောင်းတစ်ခုလုံးက
==========================
မိမိအား အစစအရာရာ ဂရုစိုက်ပေးခဲ့သော ကိုရင်များမရှိတော့သည့် ကျောင်းပျက်ကြီးကို ကျောခိုင်းရင်း "နိုးထခြင်း" စာလိပ်ကို ခါး၌လွယ်ကာ ထာစတာခူရီတောင်ပေါ်မှ ဆင်းလာသော Magina ဟာ မိမိဘာသာ တစ်ကိုယ်တည်း ကြားလောက်သည့်အသံဖြင့် စကားတစ်ခွန်းကို ရေရွတ်လိုက်ပါသည်။
"'ဒီလို တန်ဖိုးဖြတ်မရတဲ့ အမွေအနှစ်တွေကို ရွှေနဲ့လဲဖို့ ကြိုးစားနေတဲ့ ကျက်မပြည့်တဲ့ကောင်က ရှိသေးတာပဲ"
ဒါပေမယ့် Magina သတိမထားမိသည့် အချက်တစ်ချက်ရှိနေပါသေးသည်။
၎င်းမှာ သူ၏ခန္ဓာကိုယ် တစ်နေရာ၌ ကပ်တွယ်နေသော အလွန်တရာမှ သေးငယ်သည့် မီးပန်းသေးသေးကလေး တစ်ခုဖြစ်ပါသည်။ ......
အပိုင်း (၃)
ဆက်ရန် ...
#WotaBoo


Comments
Post a Comment